ပေါင်းတည်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့်မျောက်ကျောက်(Mpox) ရောဂါကာကွယ်နှိမ်နှင်းရေးပိုစတာစိုက်ထူ၍အသိပညာပေးဟောပြော

ပေါင်းတည် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ စက်တင်ဘာ ၆ ရက်နှင့် စက်တင်ဘာ ၇ ရက်နေ့များတွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် မျောက်ကျောက်( Mpox)ရောဂါကာကွယ်နှိမ်နှင်းရေးအတွက် ပြည်သူများသိရှိနိုင်စေရန်အသိပညာပေး ပိုစတာများစိုက်ထူခြင်း၊အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လှုပ်ရှားဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ပေါင်းတည်ပြည်သူ့ဆေးရုံ၊ မှတ်တိုင်တိုက်နယ်ဆေးရုံ၊ ကြာနီကန်တိုက်နယ်ဆေးရုံ၊ မြို့မဈေးကြီး၊ အ-ထ-က(မင်းကွက်)၊ အိုအေစစ်စားသောက်ဆိုင်နှင့် ကာရာအိုကေဆိုင်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်နှိမ်နင်းရေး ဆိုင်းဘုတ်များစိုက်ထူခြင်းနှင့် ကျန်းမာရေးပညာပေးဟောပြောခြင်း၊ Mpox ရောဂါ ကာကွယ်နှိမ်နင်းရေးအတွက် ကျန်းမာရေးအသိပညာပေးခြင်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)