ဆင်ပေါင်ဝဲမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် ထက်/လယ်အဆင့် ကျောင်းသား/သူ(၇၁)ဦး၊ ကဗျာပြိုင်ပွဲတွင်ထက်/လယ်အဆင့် ကျောင်းသား/သူ(၅၃)ဦးစုစုပေါင်း(၁၂၄)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီးပြိုင်ပွဲသို့ မြို့နယ်ပညာရေးမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)