ဟင်္သာတ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အတွင်းရှိ လူမှုကူညီရေးအဖွဲ့များအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများနှင့် ကာကွယ်ရေးနည်းလမ်းများ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က ဟင်္သာတမြို့နယ်အတွင်း လူနာသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ပရဟိတအဖွဲ့များနှင့် လူမှုကူညီရေးအဖွဲ့များအား ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါနှင့် မျောက်ကျောက်ရောဂါအကြောင်း သိကောင်းစရာများနှင့် ကာကွယ်ရေးနည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ဟင်္သာတမြို့နယ်အတွင်းရှိ ပရဟိတအဖွဲ့(၁၄)မှ အဖွဲ့ဝင်များ၊ လူမူရေးအသင်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)