ကြံခင်း စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်(အကြို) မြို့နယ်အဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက အ-ထ-က(၁)ကျောင်းရှိ စာသင်ခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်ပညာရေးမှူးဒေါ်ဌေးဌေးဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများပူးပေါင်းပြီး အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲများကျင်းပကြရာ မြို့နယ်အတွင်းရှိကျောင်းများမှ ကျောင်းသား/သူ(၃၂)ဦးတို့ဝင်ရောက် ယှဉ်ပြိုင်ကြသည်။
ထိုသို့ယှဉ်ပြိုင်ကြရာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ပညာဥယျာဉ်မှူး"နှင့် အလယ်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင်" ဆရာမပြနည်းမကျ"ခေါင်းစဉ်များဖြင့်လည်းကောင်း၊ အထက်တန်းဆင့်ကဗျာပြိုင်ပွဲတွင် "ကြယ်ဓူဝံပမာ မြတ်ဆရာ"နှင့် အလယ်တန်းဆင့်ကဗျာပြိုင်ပွဲတွင်"ဆရာသခင် ကျေးဇူးရှင်"ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့်
အဆိုပါပြိုင်ပွဲများတွင်(ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိကြသောကျောင်းသား/သူများအား အောက်တိုဘာလ(၅)ရက်နေ့ ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှတာဝန်ရှိသူထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)