စေတုတ္တရာမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့ အကြိုအထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများ ကျင်းပ

စေတုတ္တရာ စက်တင်ဘာ ၈

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အခြေခံပညာဦးစီးဌာန စီစဉ်ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အကြိုစာစီစာကုံးနှင့် ကဗျာအလွတ်‌ရေးပြိုင်ပွဲများကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးတွင် ဆောင်ရွက်ကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ အကြိုအထိမ်းအမှတ်အဖြစ် စာစီစာကုံးနှင့် ကဗျာအလွတ်‌ရေး ပြိုင်ပွဲများအား မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက အထက်တန်းဆင့်တွင် စာစီစာကုံးအား"ပညာဥယျာဉ်မှူး၊ အထက်တန်းအဆင့် ကဗျာအား"ကြယ်ဓူဝံပမာမြတ်ဆရာ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် စာစီစာကုံးအား"ဆရာမပြနည်းမကျ"ခေါင်းစဉ်၊ ကဗျာအား"ဆရာသခင်ကျေးဇူးရှင်"ခေါင်းစဉ်တို့ဖြင့် အထက်တန်းဆင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၈ ဦး ဝင်ရောက်ယဉ်ပြိုင်ခဲ့ကြရာ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး ၎င်းပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများအား တစ်နှစ်တာပညာသင်နှစ် မြို့နယ်ပညာရေးစုံညီပွဲတော်တွင် ဆုများအား ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)