ဖြူး စက်တင်ဘာ ၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးရာတွင် အကျုံးဝင်သော ကျောင်းသား/ကျောင်းသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်(၃)အစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ယမန်နေ့နံနက်(၁၀)နာရီအချိန်က အဆိုပါကျောင်းရာပြည့်ခန်းမတွင် ပေးအပ်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစောမင်းသူနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမြင့်သိန်းနှင့် မြို့နယ်ပညာရေးမှူးဒေါ်သီသီကြိုင်တို့က ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည့် ကျောင်းသား/ကျောင်းသူ(၂၃၀)ဦး၏ လက်ဝယ်သို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)