ဟင်္သာတ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟင်္သာတမြို့နယ် ဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ရရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရအချက်အလက်များ ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအဟင်္သာတမြို့ အမှတ်(၃အခြေခံပညာအထက်တန်းကျောင်း ပြည်ထောင်စုခန်းမနှင့် နေ့လယ် ၁၁ နာရီခွဲအချိန်တွင် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ဘုရင့်နောင် ခန်းမတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုချိုဦးက လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားရာတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူသည့် ရည်ရွယ်ချက်၊ သန်းခေါင်းစာရင်းကောက်ယူမည့် လုပ်ငန်းများ၊ သန်းခေါင်စာရင်းကောက်ယူရာတွင် မှန်ကန်စွာ ဖြေဆိုရမည့်အချက်များနှင့် မေးခွန်းများကို မှန်ကန်စွာ ဖြေဆိုခြင်းဖြင့် နိုင်ငံတော်က ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်နိုင်မည့် လုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများမှ သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှူး ဦးဖြိုးဝေအောင်နှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်းကာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်ရုံး ဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)