ဘုတ်ပြင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာပြိုင်ပွဲကျင်းပ

ဘုတ်ပြင်း စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅  ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က (အ.ထ.က) ဘုတ်ပြင်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင်း ပြိုင်ပွဲအနေဖြင့် စာစီစာကုံးပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် ပညာဥယျာဉ်မှူး ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၄)ဦး၊ အလယ်တန်းအဆင့်တွင် ဆရာမပြနည်းမကျခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁)ဦးနှင့် ကဗျာပြိုင်ပွဲ၌ အထက်တန်းအဆင့်တွင် ကြယ်ဓူဝံပမာ မြတ်ဆရာ ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၄) ဦး၊ အလယ်တန်းအဆင့်တွင် ဆရာသခင်ကျေးဇူးရှင် ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ (၂) ဦး၊  စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၁၁)ဦး ဖြေဆိုယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲသီးသီးတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအစီအစဉ်ဖြင့် ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရှိရသည်။

ဘုတ်ပြင်း(ပြန်/ဆက်)