ငဖဲ စက်တင်ဘာ ၈
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အကြို အခြေခံပညာအထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံးနှင့်ကဗျာပြိုင်ပွဲကို ယနေ့နံနက် ၁၀ နာရီက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ငဖဲမြို့အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မာမာအေးက အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲခေါင်းစဥ်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲကျင်းပရာ အထက်တန်းဆင့်စာစီစာကုံးပြိုင်ပွဲတွင် ပညာဉယျာဥ်မှူးခေါင်းစဥ်နှင့် ကဗျာပြိုင်ပွဲတွင် ကြယ်ဓူဝံပမာမြတ်ဆရာ ခေါင်းစဥ်တို့ဖြင့်လည်းကောင်း၊ အလယ်တန်းဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆရာမပြနည်းမကျခေါင်းစဥ်နှင့် ကဗျာပြိုင်ပွဲတွင် ဆရာသခင်ကျေးဇူးရှင် ခေါင်းစဥ်တို့ဖြင့်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူစုစုပေါင်း (၄၂)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)