ဓနုဖြူမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက အ.ထ.က(နှဲကြိုး)ကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းထူးက လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ (၁)ရက်နေ့မှ (၁၅) ရက်နေ့အထိ တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှန်ကန်စွာရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး သိကောင်းစရာအချက်အလက်များအား ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများသိရှိစေရန် အကျယ်တဝင့်​ဟောပြောခဲ့ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)