ထားဝယ် စက်တင်ဘာ ၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ပြည်သူ့အကျိုးပြု လုပ်ငန်းများအပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများစုပေါင်း၍ ထားဝယ်သူနာပြု သင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ ထားဝယ်သူနာပြုသင်တန်းကျောင်းဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တာဝန်ရှိသူများကလှည့်လည်၍ ကြည့်ရှုအားပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းပတ်ဝန်းကျင်သန့်ရှင်း သပ်ရပ်လှပစေရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများက သူနာပြုကျောင်းဝင်းအတွင်း အမှိုက်သရိုက်များ၊ သစ်ပင်ခြုံနွယ်များနှင့် မြက်ပင်များရှင်းလင်းခြင်း၊ ပေါင်းမြက်များနှင့်ခြုံနွယ် ပိတ်ပေါင်းများအားမြက်ခုတ်စက်ဖြင့် ရှင်းလင်းခြင်း၊ အမှိုက်ကားဖြင့် သယ်ယူစွန့်ပစ်ပေးခြင်း ထွက်ရှိလာသောအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် သိမ်းဆည်းပြီးစနစ်တကျစွန့်ပစ်ခြင်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)