၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြော

နတ်မောက် စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများ ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီးက အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိ ဒေါ်သက်ဆုနှင်းက နိုင်ငံတော်အကြီးအကဲက KG+12 တတ်ရောက်နေသည့် ကျောင်းသား/သူများသည် အသက် ၁၇ နှစ်၊ ၁၈ နှစ်အရွယ်ဖြစ်ပြီး KG+12 ပြီးလျှင် အသက် ၁၈ နှစ်ထဲသို့ ရောက်ရှိမည်ဖြစ်ရာ အသက်အရွယ်အရ မဲပေးရန် အကျုံးဝင်နိုင်သူများဖြစ်လာနိုင်၍ ၎င်းတို့အား ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေများနှင့် ကျောင်းသား/သူများသည် နောင်လာမည့်ရွေးကောက်ပွဲတွင် ပထမအကြိမ်ဆန္ဒမဲပေးကြမည့် လူငယ်မဲဆန္ဒရှင်အုပ်စုတွင် အကျုံးဝင်နေသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များတွင် ပါဝင်သော ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဗဟုသုတများရရှိစေရန် အသိပညာပေးဆွေးနွေး ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း