နတ်မောက်မြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ပန်းချီပြိုင်ပွဲကျင်း

နတ်မောက် စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ် မြို့နယ်အဆင့်ပန်းချီပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဥမ္မာခင်က ကျောင်းသား၊ ကျောင်းသူများ နှစ်စဉ်ကျင်းပလျက်ရှိသည့် နေ့ထူးနေ့မြတ်များအား အစဉ်အောင်းမေ့သတိရစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန် ဉာဏ်ရည်ဉာဏ်သွေးဖွံဖြိုးစေရန်၊ စာဖတ်စွမ်းရည်တိုးတက် စေရန်၊ စာပေကိုပိုမိုလေ့လာ ကျက်မှတ်စေရန်၊ ပန်း(၁၀)မျိုးမှ ပန်းချီပညာကို လေ့လာနိုင်စေရန်၊  မိမိရုံးရှိ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ရည်ရွယ်၍  ပြိုင်ပွဲများ ကျင်းပပေးရခြင်းဖြစ်ပါကြောင်းနှင့်   ပြိုင်ပွဲဝင်စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)ကျောင်းနှင့် အခြေခံပညာအလယ်တန်း ကျောင်း (တမာပင်)ကျောင်းများမှအလယ်တန်းဆင့်ကျောင်းသား/သူများက “ကလေးသူငယ်ချန်မထားလူကုန်ကူးမှု တိုက်ဖျက်သွား” ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။  အဆိုပါပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများမှ ဆုရရှိသူများအား နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျင်းပမည့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့တွင် ဆုများကို အသီးသီးချီးမြှင့်ပေးသွားမည် ဖြစ်သည်။

လှဝင်း