ထားဝယ်မြို့တွင် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

ထားဝယ် စက်တင်ဘာ ၇

၂၀၂၄ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းက လေထုညစ်ညမ်းမှုဖြစ်ပေါ်စေသည့်အကြောင်းအရင်းများ၊ အကျိုးသက်ရောက်မှုများနှင့် လေထုအရည်အသွေးကို တိုးတက်ကောင်းမွန်လာစေမည့် ဖြေရှင်းနည်းများအား ပိုမိုသိရှိနားလည်လာစေရန်ရည်ရွယ်၍ အခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမင်းမင်းဌေးက "သန့်ရှင်းလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့" ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာသူများအား အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့ အထိမ်းအမှတ် video အား ပြသသည်။

ဆက်လက်၍ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးကဆုရ ကျောင်းသား/သူများအား ဂုဏ်ပြုဆုများချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ ကျောင်းသား/သူများအား မေးခွန်းများမေးမြန်း၍ ဆုချီးမြှင့်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ထားဝယ်)