ဖျာပုံမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲ ကျင်းပ

ဖျာပုံ စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးခင်မောင်းလေး ဦးဆောင်သောတပ်ဖွဲ့ဝင်များသည် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က ဖျာပုံပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ကြသည်။
အဆိုပါ နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ခင်မောင်လေး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးနိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ အမှတ်(၈၀)ယာဥ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ)မှ တပ်ဖွဲ့ဝင်များ၏ စုပေါင်းသွေးလှူဒါန်းရာတွင် ဖျာပုံပြည်သူ့ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာရဲဝင်းနှင့်ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ ပြုလုပ်ပေးကြသည်။ ထို့နောက် နှစ် (၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ အမှတ်(၈၀)ယာဥ်ထိန်းတပ်ဖွဲ့စု(ဖျာပုံ)မှ တပ်ဖွဲ့များ၏ စုပေါင်းသွေးလှူဒါန်းနေမှုအား ခရိုင်/မြို့နယ်ရဲတပ်မှူးများမှ လိုက်လံကြည့်ရှုအားပေးကြပြီး၊ အာဟာရဖြည့်စွက်စာအဖြစ် ကြက်ဥ၊ အားဖြည့်အချိုရည်များ ထောက်ပံ့လှူဒါန်း​ပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)