ရွှေတောင်မြို့နယ် မိုးရာသီကာလတွင် ဖြစ်ပွားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကျင်းပ

ရွှေတောင် စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင်  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်၏ ကြီးကြပ်မှု ဖြင့်အမှတ်(၁) အထည်စက်ရုံတွင် ယမန်နေ့နံနက်ပိုင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ Mpox (မျောက်ကျောက်) ရောဂါ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ ကာကွယ်ရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာနက​ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ​မြို့နယ်လက်ထောက်ဆရာဝန် ဒေါက်တာထက်ကျော်လင်းက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် Mpox မျောက်ကျောက်ရောဂါအကြောင်း၊ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်ကေသီက ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာ ပေးဟောပြောခဲ့ရာ တတ်ရောက်လာသည့် စက်ရုံတာဝန်ရှိသူများ၊ ဝန်ထမ်းအလုပ်သမားများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဉီးစီးဌာန တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)