ရွှေဘိုမြို့ လူမှုဝန်ထမ်းဦးစီးဌာန၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

​ရွှေဘို စက်တင်ဘာ ၇

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုမြို၌ Mpox(မျောက်ကျောက်)ရောဂါကာကွယ်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ည​နေပိုင်းက  လူမှုဝန်ထမ်းရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟော​ပြောပွဲတွင် ခရိုင်ပြန်ကြား​ရေးနှင့်ပြည်သူဆက်ဆံ​ရေးဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး ​ဒေါ်​အေးမြမွန်နှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်​ထောက်ညွှန်ကြားရေးမှူး​ ဒေါ်ကြွယ်ကြွယ်ဝင်းတို့က  Mpox (မျောက်ကျောက်)ရောဂါသည် မြန်မာနိုင်ငံအိမ်နီးချင်း ထိုင်းနိုင်ငံတွင်ဖြစ်ပွားလာသည့်အတွက် အထူးဂရုစိုက် ကြပ်မတ်ဆောင်ရွက်သွားဖို့လိုအပ်ပါကြောင်း၊ ရောဂါကူးစက်နိုင်ခြေရှိသည့်နည်းလမ်းများ၊ ရောဂါပျိုးရက်ဖြစ်သည့်လက္ခဏာများ၊ သံသယဖြစ်ပွားဖွယ်ရောဂါလက္ခဏာများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ Mpox (မျောက်ကျောက်)ရောဂါလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ခြင်း(သို့မဟုတ်) ရောဂါသံသယလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ လိုအပ်သောစစ်ဆေးစမ်းသပ်မှုနှင့် ကုသမှုခံယူကြပါရန် ဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့်​ကျောင်းသားမိဘများက Mpox(မျောက်ကျောက်)ရောဂါနှင့်ပတ်သက်၍ သိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်​​ဖြေကြား​ပေးခဲ့​ကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်