ရေဦး စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာ ၅ ရက်နေ့နံနက် ၁၁ နာရီက ကျန်းမာရေးကဏ္ဍတစ်ခုဖြစ်သော မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး TALK SHOW ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ TALK SHOW တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းနှင့် စာကြည့်တိုက်မှူး ဒေါ်ဝါဝါထွန်းတို့က မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ရာတွင်” မျောက်ကျောက်ရောဂါ စတင်တွေ့ရှိခဲ့သည့်နိုင်ငံနှင့် နိုင်ငံအချို့ထိ ကူးစက်ပျံ့နှံ့လာမှုအခြေအနေများ၊ ရောဂါထိန်းချုပ်နိုင်ခဲ့မှု အချိန်ကာလနှင့် ရောဂါပိုး ပြန်လည်ကူးစက်လာမှုအခြေအနေများ၊ မျောက်ကျောက်ရောဂါ သွင်ပြင်လက္ခဏာများနှင့် ခံစားရနိုင်သည့်ဝေဒနာများ၊ ကုသရမည့်နည်းလမ်းများ၊ ရောဂါလက္ခဏာခံစားနေရသူနှင့် အနီးကပ်ထိတွေ့မှုရှိပါက ကူးစက်ခံရနိုင်ခြေနှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါ အစုလိုက်အပြုံလိုက် ဖြစ်ပွားနေမှုနှင့်ပတ်သက်၍ အရေးပေါ်ကြေညာထားရှိမှုများနှင့် ရောဂါကူးစက်နိုင်ဖွယ်ရာ လူပုဂ္ဂိုလ်များ၊ ကျန်းမာရေး၀န်ကြီးဌာနက မျောက်ကျောက်ရောဂါထိန်းချုပ်ကာကွယ်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ စီစဉ်ထားသော်လည်း နိုင်ငံဖြတ်ကျော်၀င်ရောက်လာနိုင်၍ မည်သူမဆို ရောဂါဖြစ်ပွားနိုင်ကြောင်း၊ ထို့အတွက် အထူးဂရုပြုနေထိုင်သွားလာကြရန် အရေးကြီးကြောင်း အသိပညာပေးဟောပြောခဲ့ကြကြောင်း သိရသည်။
သန်းသန်း(ရေဦး)