ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းလေ့လာ

ကျောက်တံခါး စက်တင်ဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ အောင်မြင်စိုက်ပျိုးရေးစခန်းနယ်မြေအတွင်းရှိ ဆင်ဇလုပ်ကျေးရွာအုပ်စု၊ သရက်စိန်ကျေးရွာအား စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်းစီမံကိန်း၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းတွင် ပါဝင်ဆောင်ရွက်ရန် ရွေးချယ်ထားသဖြင့် စီမံကိန်းလုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ကျေးရွာတာဝန်ခံနှင့်  ရွာသူရွာသားများသည် ယမန်နေ့က ဒိုက်ဦးမြို့နယ်အတွင်းရှိ အိမ်ခြေလေးဆယ်ကျေးရွာနှင့် ကတုတ်မျိုးသန့်ခြံတို့အား သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာသစ်လုပ်ငန်းစီမံကိန်းလုပ်ငန်းတွင် အဓိကလုပ်ငန်းကြီး(၃)ရပ်ဖြစ်သည့် စွမ်းဆောင်ရည်မြှင့်တင်ရေးလုပ်ငန်း၊ လူနေမှုပတ်ဝန်းကျင်ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ဝင်ငွေတိုးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဒိုက်ဦးမြို့နယ်အတွင်းရှိ အိမ်ခြေလေးဆယ်ကျေးရွာမှ တောင်သူဦးတင်ထွဋ်မြင့်၏ တိုင်းရင်းကြက်မွေးမြူရေးကြက်ခြံ၊ YSR စပါးမျိုးသန့်စိုက်ခင်းများနှင့် ကတုတ်ရွာမကျေးရွာအုပ်စုရှိ ကတုတ်မျိုးသန့်ခြံတို့သို့ သရက်စိန်ကျေးရွာတာဝန်ခံနှင့် ရွာသူရွာသားများက သွားရောက်လေ့လာခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)