မင်းလှမြို့၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

အထက်မင်းလှ စက်တင်ဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းအောင်က အဖွဲ့၏လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ အဂတိကင်းစင်ရေးအတွက် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ပေးနေမှုအား ရှင်းလင်းပြောကြားပြီး မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးဝင်း‌ဇော်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းတာဝန်များနှင့်ရည်ရွယ်ချက်တို့ကို အကျယ်တဝင့်ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဂတိလိုက်စားမှုတာဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်မြို့နယ်ဉပဒေအရာရှိကိုယ်စား ဒုတိယမြို့နယ်ဉပဒေအရာရှိဦးအောင်သူမြင့်က အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေကိစ္စရပ်များနှင့်ပတ်သက်၍ရှင်းလင်းခဲ့ပြီး၊ မြို့နယ်အဂတိလိုက်စားမှူတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ မြို့နယ်စာရင်းစစ်ရုံးမှ ဦးစီးအရာရှိဒေါ်ဖြူဖြူဝင်းကဝန်ထမ်းတိုင်း လိုက်နာရမည့်အမိန့်နှင့်ညွှန်ကြားချက်များကိုလိုက်နာပြီး အဂတိကင်းစင်သည့် ဝန်ထမ်းအဖွဲ့အစည်းဖြစ်လာအောင် စီမံခန့်ခွဲသူများကလိုက်နာ၍ ပြည်သူ့ဘဏ္ဍာလေလွင့်ဆုံးရှုံးမှုမရှိစေရေးဆောင်ရွက်ကြရန် ဆွေးနွေးပြောကြားသည်။ ဆက်လက်၍ မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)အဖွဲ့ဝင်၊ မြို့နယ်ပြည်တွင်းအခွန်ဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးမျိုးအောင်က အခွန်(၆)မျိုးနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအားရှင်းလင်း‌ပြောကြားသည်။

အဆိုပါ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ရပ်ကွက်‌ကျေးရွာစာ‌ရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)