မြောင်းမြ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး စီမံကိန်းမှအမျိုးသမီးများ ဝင်ငွေတိုးရေးအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားကို မြောင်းမြမြို့နယ် မြဟေမာရပ်ကွက်တွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးဆွေက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝေဝေလင်းက မိသားစုဝင်ငွေတိုးရေး စီမံကိန်းမှအမျိုးသမီးများ ဝင်ငွေတိုးရေးအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသူ(၁၀)ဦးဖြင့် စက်တင်ဘာလ(၆)နေ့မှ အောက်တိုဘာ(၅)ရက်နေ့အထိ (၁)လကြာ ဖွင့်လှစ်သင်ကြားမှာဖြစ်ပြီး နည်းပြဒေါ်ဝင့်သိင်္ဂီအောင်နှင့် နည်းပြအကူ ဒေါ်သွယ်ဇင်ဖြိုးတို့မှ ဘာသာရပ်(၁၀)မျိုးတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချမှာဖြစ်ကြောင်း သိရသည်။
ထက်(ဧရာဝတီ)