နတ်တလင်းမြို့နယ်၌ စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်အခမ်းအနားကျင်းပ

နတ်တလင်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပွတ်စုကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက အဆိုပါ စာကြည့်တိုက်ဆောက်လုပ်မည့်မြေနေရာတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်ကျော်ဦးနှင့်တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် ပန္နက်တင်ပေးပြီးအမွှေးနံသာရည်များပက်ဖျန်းခဲ့သည်။

အဆိုပါကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မတည်ငွေသိန်း ၁၅၀ ဖြင့် အလျားပေ ၂၀၊ အနံ ၁၉ ပေ ရှိ တစ်ထပ်စာကြည့်တိုက်အဆောက်အဦဖြစ်ကြောင်း သိရသည်။

နတ်တလင်း(ပြန်/ဆက်)