ပုသိမ် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီးတွင် ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကများအား စိုက်ဧကများပြည့်မီရေးနှင့် အချိန်မီစိုက်ပျိုးနိုင်ရေးဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့နယ်၊ သစ်ပုတ်ကုန်းကျေးရွာအုပ်စု၊ ကြခတ်ချောင်ကျေးရွာရှိ တောင်သူဦးစံထွန်း၏ ရေကြီးနစ်မြုပ်ထိခိုက်ပျက်စီးစိုက်ဧကတွင် ပေါ်ဆန်းစပါးမျိုးအား ကောက်စိုက်လုံမေများ၊ ကောက်စိုက်စက်ဖြင့် ပြန်လည် စိုက်ပျိုးနေမှုများ၊ မြေဩဇာကြဲပတ်နေမှုများနှင့် တောင်သူဦးသန်းဇော်၏ ရေကြီးနစ်မြုပ်ထိခိုက် ပျက်စီးစိုက်ဧကလယ်မြေ(၂)ဧကတွင် မျိုးစေ့ချကိရိယာ (Drum Seeder)များဖြင့် ရက်(၉၀) မျိုးစပါး ပြန်လည်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူများနှင့်တွေ့ဆုံ၍ မိုးစပါးစိုက်ဧကများ ထိခိုက်ပျက်စီးမှု အခြေအနေများ၊ ပြန်လည်ကုစားစိုက်ပျိုးနေမှု အခြေအနေများနှင့် မျိုးစပါးများ၊ သွင်းအားစု များထောက်ပံ့ပေးနေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့ပြီး စိုက်ဧကများပြည့်မီစေရေး၊ အထွက်နှုန်းများထိခိုက်မှုမရှိစေရေး တောင်သူများ၊ ဌာနဆိုင်ရာဝိုင်းဝန်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီး၊ (၂၅)ကြိမ် မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဒုတိယနေ့ပွဲစဥ်နှင့် တတိယနေ့ပွဲစဉ်အဖြစ် ဝါသနာရှင်ပထမတန်း(အမျိုးသား) တယော၊ ဝါသနာရှင်ပထမတန်း(အမျိုးသား)(အမျိုးသမီး) မယ်ဒလင်၊ ဝါသနာရှင်ပထမတန်း (အမျိုးသမီး) ဒုံမင်း၊ ဝါသနာရှင် ပထတန်း(အမျိုးသား)ပလွေ၊ ဝါသနာရှင်ပထမတန်း (အမျိုးသား)(အမျိုးသမီး) ဆိုင်းတစ်ဦးချင်း၊ ဝါသနာရှင်ပထမတန်း(အမျိုးသား) ဆိုင်းဝိုင်းကြီး အဖွဲ့လိုက်ပြိုင်ပွဲများများနှင့် ဝါသနာရှင် ဒုတိယတန်း(အမျိုးသား/အမျိုးသမီး)စောင်း၊ ဝါသနာရှင်ဒုတိယတန်း(အမျိုးသား) စန္ဒယား၊ (ဝါသနာရှင် ဒုတိယတန်း)(အမျိုးသား) မယ်ဒလင်၊ (ဝါသနာရှင် ဒုတိယတန်း)(အမျိုးသား) ဒုံမင်း၊ (ဝါသနာရှင် ဒုတိယတန်း) (အမျိုးသား)နှဲ၊ (ဝါသနာရှင် ဒုတိယတန်း) (အမျိုးသား) ပလွေ၊ (အဆင့်မြင့်ပညာ) (အမျိုးသား/အမျိုးသမီး)စောင်း၊ (အဆင့်မြင့်ပညာ)(အမျိုးသား/အမျိုးသမီး)စန္ဒယား၊(အဆင့်မြင့်ပညာ) (အမျိုးသား/အမျိုးသမီး)ပတ္တလား၊ (အဆင့်မြင့်ပညာ) (အမျိုးသား/ အမျိုးသမီး)တယောတို့၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)