စတုတ္ထအကြိမ်မြောက် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများမှ စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ထပ်မံပေးပို့လှူဒါန်း

ပဲခူး စက်တင်ဘာ

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ် ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာနေ့တွင် စတုတ္ထအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများနှင့် စျေးသူ/စျေးသားများစုပေါင်းအားဖြင့် ပြည်သူများကတပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာတုံ့ပြန်သောအားဖြင့် ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်၌ ပရဟိတလူမှုကူညီရေးအသင်းများ၏ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော်ချက်ပြုတ်နေမှုနှင့် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်ကူညီဆောင်ရွက်နေကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေဒေသကာကွယ်ရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်ငရုတ်သီးကြော်၊ ငါးပိငံပြာရည်ကြော်၊ ငါးပိထောင်း၊ အမဲသားအစပ်ကြော်၊ ငါးသေတ္တာဗူး၊ ခေါက်ဆွဲခြောက်၊ လက်ဖက်၊ ပဲကြော်မျိုးစုံ၊ ကော်ဖီမစ်၊ မုန့်မျိုးစုံ၊ ဆေးလိပ်နှင့်အခြား အသင့်စားသောက်ဖွယ်ရာများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များက ပေးပို့နိုင်ရေး အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ခဲ့သည့်အပြင် ဒေသခံပြည်သူများကလည်း  တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ၊ နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက်နေသော တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်းပါစေ၊ တိုင်းပြည်၏ အန္တရာယ်ရန်စွယ်အပေါင်းကို တွန်းလှန်တိုက်ခိုက်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုက်ပွဲတိုင်းအောင်မြင်ပါစေကြောင်းစသည့် မေတ္တာစာလွှာများကို ရေးသားထည့်သွင်းပေးခဲ့ကြသည်။

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်စေတနာရှင်ပြည်သူများမှစုပေါင်း၍ ဩဂုတ်လ()ရက်နေ့တွင် တန်ဖိုးငွေကျပ်(၂၅၀)သိန်းကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဩဂုတ်လ()ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဒုတိယအကြိမ် ငွေကျပ်သိန်း(၁၀၀)ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဩဂုတ်လ(၁၈)ရက်နေ့တွင် တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်မြို့အတွင်းရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက စုပေါင်း၍ ငွေကျပ်သိန်း(၃၉၅)ကျော်တန်ဖိုးရှိ စားသောက်ဖွယ်ရာများကိုလည်းကောင်းယခုအခါ စတုတ္ထအကြိမ်မြောက်အဖြစ် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဒေသခံပြည်သူများ၊ စျေးသူ/စျေးသားများ စုပေါင်း၍ ငွေကျပ်သိန်း(၄၅၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား မေတ္တာဖြင့်ထပ်မံပေးပို့ လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)