ငပုတော စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငပုတောမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း လူထုအသိပညာပေး လက်ကမ်းစာ စောင်များဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက ငပုတောမြို့အဝင်၊ကားဂိတ်၊ ကမ်းနားလမ်း ရေဆိပ်နှင့်၊ ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လူထုအသိပညာပေးလက်ကမ်းစာစောင်များကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပြည်သူများနှင့် ကျောင်းသားကျောင်းသူများအား လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းအား အောက်တိုဘာ (၁) ရက်နေ့မှ (၁၅) ရက်နေ့အတွင်း (၁၅) ရက်ကြာ တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)