ကန့်ဘလူ၌ “သန့်ရှင်းသောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့ ” ဆိုင်းဘုတ်စိုက်ထူ

ကန့်ဘလူ စက်တင်ဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့တွင်ကျရောက်မည့် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့” ၏ဆောင်ပုဒ်ဖြစ်သော “သန့်ရှင်းသောလေရရှိဖို့ ရင်းနှီးမြှုပ်နှံမှုစတင်စို့” ဆိုင်းဘုတ်အား စက်တင်ဘာ ၅ ရက်မွန်းလွဲပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့တော်ခန်းမရှေ့ ဗိုလ်ချုပ်လမ်းအနောက်ဘက် ရွှေယက္ခကန် အရှေ့မြောက်ထောင့်၌ စိုက်ထူခဲ့ကြောင်း သိရသည်။

 လေထုညစ်ညမ်းမှုကိုဖြစ်ပေါ်စေသည့် အကြောင်းအရင်းများ၊ အကျိုးသက်ရောက်မှု များနှင့်လေထုအရည်အသွေးကို တိုးတက်လာစေသည့် ဖြေရှင်းနည်းများကို ပိုမိုသိရှိနားလည်စေရန်၊ နှစ်စဥ်စက်တင်ဘာ ၇ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့ အဖြစ်သတ်မှတ်ခဲ့ပြီး လေထုသန့်ရှင်းဖို့အတွက် လူတစ်ဦးချင်းစီကစပြီး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း (ကန့်ဘလူ)