ဓနုဖြူမြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကျင်းပ

ဓနုဖြူ စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေဆိုင်ရာ သိကောင်းစရာဟောပြောပွဲကို ယနေ့ စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးလှဌေးက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်နှင့် ဥပဒေဆိုင်ရာများအား (G-11) နှင့် (G-12) ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများကို ဟောပြောချက်များအား အလေးထားမှတ်သားထားကြရန် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်မြတ်စုခင်က ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာသိကောင်းစရာများကို PowerPoint presentation ဖြင့် အသေးစိတ်ရှင်းလင်းဟောပြောခဲ့သည်။ အဆိုပါဟောပြောပွဲသို့မြို့နယ်ပညာရေးမှူးဆရာကြီးဦးလှဌေး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော် (ပြန်/ဆက်)