စစ်ကိုင်းမြို့တွင် အမျိုးသမီးများဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းဖြင့် ဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်း (မွမ်းမံ) ဆင်းပွဲကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၅

စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အမျိုးသမီးများ ဝင်ငွေတိုးရေးဆောင်ရွက်မည့်  စက်ချုပ်နည်းပညာသင်တန်း (မွမ်းမံ)ဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ(၅)ရက်၊ နံနက်(၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်၊၊

အခမ်းအနားတွင် စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လေးက အသေးစား ကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် သက်ဆိုင်ရာဌာနအနေဖြင့် သင်တန်းများဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်တဲ့အအတွက် နည်းပညာများ  ရရှိကြလိမ့်မည်ဟု ယူဆပါကြောင်း၊ ရရှိခဲ့တဲ့နည်းပညာတွေကို လက်တွေ့အသုံးချကာ မိသားစုဝင်ငွေတိုးရေး တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင်ရွက်သွားကြပါ ဆက်လက်လေ့လာ  ဆည်းပူးသွားကြပါ ဌာနအနေဖြင့်လည်း အမျိုးသမီးများ ဝင်ငွေတိုးရေး အမှန်တစ်ကယ် လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်လိုသူများကို ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများကိုလည်း ထူထောင်ပေးသွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းခရိုင်စာရင်းစစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများကိုလည်းကောင်း ပေးအပ်ရာ သင်တန်းသူများက လက်ခံပေးခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ဇော်မြင့်နိုင်