တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးမှ သွားရောက်ယှဉ်ပြိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ထားဝယ် စက်တင်ဘာ ၅

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်သို့ တနင်္သာရီတိုင်းဒေသကြီးမှသွားရောက်ယှဉ်ပြိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မကြာခင်ကျင်းပပြုလုပ်မည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို နေပြည်တော်တွင် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ကျင်းပသည့်နေရာတွင် ခမ်းနားထည်ဝါစွာဖြင့် ဌာနပေါင်းစုံ စုပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားစိတ်ဓာတ်တိုးတက်ရန်၊ ၁၃ ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သည့်နေရာ၌ အဆင့်မြင့်သည့်အားကစားသမားကောင်းများ ထွက်ပေါ်လာစေရန်၊ ပြည်နယ်နှင့်တိုင်းဌာနပေါင်းစုံ ချစ်ကြည်ရင်းနှီးမှုရရှိစေရန်၊ ပြည်သူအားလုံး စိတ်ပါဝင်စားစွာ ပါဝင်လာစေရန်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း၊  စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၂၀၁၅ ခုနှစ်တွင် အားကစားနည်း ၂၇ နည်းဖြင့် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ၉ နှစ်ကြာရပ်နားခဲ့ရပြီး ယခုကျင်းပမည့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ပြုလုပ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အားကစားနည်းပေါင်း ၂၃ နည်း၊ ဝန်ကြီးဌာန အားကစားနည်း ၆ နည်း၊ ပြည်န ယ်နှင့်တိုင်း ၂၃ မျိုးဖြင့်ပါဝင်ပြီး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် အားစားနည်းများ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုတံဆိပ်များရရှိခဲ့မှုများရှိကြောင်း၊  ယခုပဉ္စမအကြိမ်အမျိုးသား အားကစားပွဲတော်သို့တွင် ဆုတံဆိပ်များရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးစိုးမိုးနိုင်က ပြိုင်ပွဲသွားရောက်ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ကော်မတီဝင်များက လူရွေးချယ်ရေး၊ လေ့ကျင့်ရေးနှင့်သွားရောက်ယှဉ်ပြိုင်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် တိုင်းဒေသကြီးအားကစားကော်မတီများက ကော်မတီအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)