ညောင်လေးပင်မြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲများကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲတို့ကို ယနေ့နံနက်(၁၀)နာရီက မြို့မ(၂)အ.မ.ကမူလွန်ကြားတောရကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.မ.ကမူလွန်ကြားတောရကျောင်းမှကျောင်းအုပ်ဆရာကြီးက အဖွင့်မှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်နီနီဝင်းက ကျောင်းသားကျောင်းသူများအား စာဖတ်ခြင်းဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ၊ စာကြည့်တိုက်ကိုအသုံးပြုပြီး စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာနိုင်ကြောင်းနှင့် ကလေးအလုပ်သမားသိကောင်းစရာအကြောင်းအရာနှင့်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးအရာရှိဦးကျော်သက်မိုးက စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာတို့ကိုဟောပြောခဲ့ကြသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာခဲ့ကြသည်။ အဆိုပါအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူဦးရေ(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)