ခမောက်ကြီးမြို့တွင် ကျောင်းသား၊ကျောင်းသူ လူငယ်များအား အသိပညာပေး နံရံကပ်စာစောင်များ ပြသ

ခမောက်ကြီး စက်တင်ဘာ ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခ‌‌မောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် ကျောင်းသား၊ကျောင်းသူ လူငယ်များအား အသိပညာပေးနံရံကပ် စာစောင်များ ကပ်နှံထားရှိလျက်ရှိရာ ယမန်‌နေ့က ခမောက်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ စာဖတ်ပရိသတ် ကျောင်းသား၊သူများက အဆိုပါ နံရံကပ်ပြဘုတ်များအား လေ့လာဖတ်ရှုခဲ့ကြသည်။

အဆိုပါ အသိပညာပေး နံရံကပ်များပြသရာတွင် ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး အကြောင်းအရာများ၊ မှတ်တမ်းဓာတ်ပုံများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး စာစောင်များနှင့် ရုပ်ပုံများ ပါဝင်ပြီး အဆိုပါအသိပညာ‌ပေး‌ အ‌ကြောင်းအရာများသည် ယနေ့ခေတ် ကလေးလူငယ်များအတွက် အမှန်တကယ် သိရှိလိုက်နာကျင့်သုံးရန်နှင့် ကြိုတင်ကာကွယ်ရန်အတွက် လိုအပ်သည့်အတွက် အသိပညာပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)