မြို့သစ် စက်တင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် လေးတိုင်စင်ကျေးရွာ ရှောင်လမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကျောက်ချောလမ်းခင်းခြင်းအား ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွင်း တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေကျပ် (၁၀၅.၃၉၅) သန်းဖြင့် ဆောင်ရွက်နေသည့် လေးတိုင်စင်ကျေးရွာရှောင်လမ်း (၀/၇.၈၈) မိုင် (1-585km) အား (50-100mm) ကျောက်ဖြင့် (4.88m) (၁၆)ပေ အကျယ်သိပ်သည်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းပြီးစီးပါက ကျေးရွာသုံးရွာရှိ အိမ်ခြေ (၁၀၇၆) အိမ်လူဦးရေ (၅၇၀၀) ဦကျော်အားစီးပွားရေး၊ ကျန်းမာရေး၊ လူမူရေးများကိုပါအချိန်နှင့်တစ်ပြေးညီ အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။
ကိုဇော်ပြန်/ဆက်