ရေနံချောင်း စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားပြီး မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် ရည်မှန်းချက်များ၊ ကလေးအလုပ်သမား၏ အဓိပ္ပာယ်နှင့် အသက်အရွယ်ကန့်သတ်ချက်၊ အသက် (၁၄) နှစ် မပြည့်သေးသည့် မည်သည့်ကလေးကိုမျှ အလုပ်လုပ်ခွင့်မပြုရ၊ အသက် (၁၄) နှစ်ပြည့်ပြီး မှတ်ပုံတင်ဆရာဝန်၏ ခွင့်ပြု/ထောက်ခံချက်ဖြင့် အလုပ်စေခိုင်းပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ပညာရေးမှူး ဦးသိန်းဇော်၊ အခြေခံပညာကျောင်းများမှ ဆရာ ဆရာမများ၊ လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်