နတ်မောက် စက်တင်ဘာ ၅
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အင်ကြင်းလမ်းနှင့် နဒီလမ်းထောင့်၌ ကွန်ကရစ်တံတား တည်ဆောက်ခြင်းကို ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
နတ်မောက်မြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက် လျက်ရှိသည့် အင်ကြင်းလမ်းနှင့် နဒီလမ်းထောင့်ရှိ ကွန်ကရစ်တံတား အရှည် ၇ ဒဿမ ၃၁ မီတာ၊ အနံ ၀ ဒဿမ ၉၁ မီတာ နှင့် ထု ၀ ဒဿမ ၉၁ မီတာ ရှိ ကွန်ကရစ်တံတားအား ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၃ ဒဿမ ၅၉) ကျပ်သန်းဖြင့် ဆောင်ရွက်လျက်ရှိရာ တာဝန်ခံအင်ဂျင်နီယာမှ သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်စံချိန်စံညွှန်းများနဲ့အညီ အချိန်မီပြီးစီးနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှဝင်း