သနပ်ပင် စက်တင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင်ဆောင်ရွက်ခဲ့သည်။
ပထမဦးစွာ သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးကျော်ဇေယျက ချေးငွေထုတ်တောင်သူများသိရှိလိုက်နာရမည့် ဘဏ်ချေးငွေဆိုင်ရာစည်းမျဥ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားပြီး ၂၀၂၃ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား အကြေပေးဆပ်ပြီးဖြစ်သည့် ကုလားချောင်းကြီးကျေးရွာ၊ ကသစ်ဝိုင်ကျေးရွာ၊ ကျိုက်ပဒိုင်ကြီးကျေးရွာတို့ရှိ တောင်သူ(၁၆၉)ဦးအတွက် လယ်မြေတစ်ဧကလျှင် (၁၅၀၀၀၀)ကျပ်နှုန်းဖြင့် လယ်မြေဧက(၁၃၅၉)ဧကအတွက် စုစုပေါင်းငွေကျပ် (၂၀၃၈၅၀၀၀၀) နှစ်ထောင်သုံးဆယ်ရှစ်သိန်းငါးသောင်းကျပ်ကို ထုတ်ချေးပေးခဲ့ကြောင်း သနပ်ပင်မြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်ခွဲမှ သိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)