နတ်မောက်မြို့နယ်တွင် စိုက်ပျိုးထားသည့် 692 နှင့်777 ငရုတ်မျိုးများအောင်မြင်ဖြစ်ထွန်းလျက်ရှိ

နတ်မောက် စက်တင်ဘာ ၅                                                                                        

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးရွာများရှိ စိုက်ပျိုးရေးတောင်သူများသည် ဈေးကွက်တွင် ရောင်းအားကောင်းသည့် 692 ငရုတ်မျိုးနှင့်777ငရုတ်မျိုးများကို ဇွန်လနောက်ဆုံးပတ်က စိုက်ပျိုးခဲ့ရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

၂၀၂၄ မိုးရာသီတွင် စိုက်ပျိုးရန်အတွက် အဆိုပါ  692 နှင့်777 ငရုတ်မျိုးစေ့များကို စိုက်ပျိုးရေးကုမ္မဏီများးထံက ပါကင်အိတ်များဖြင့် ဝယ်ယူကာ ပလတ်စတစ်အိတ်ဖြင့် ပျိုးထောင်းခဲ့ရကြောင်း၊ ပလတ်စတစ်အိတ်တွင် ထည့်ထားသည့် ငရုတ်မျိုးစေ့များ အပင်ပေါက်နှုန်းကောင်းမွန်ရန်အတွက် နေ့စဉ်ရေဖျန်းပုံများဖြင့် ပျိုးအိတ်များကို ရေလောင်းပေးခြင်း၊ ပျိုးဘောင်ပေါ်တွင် အစိမ်းအကျဲစများဖြင့် အမိုးမိုးပေးရကြောင်း၊ သင်္ကြန်အပြီး ပျိုးထောင်ထားသည့် ပျိုးပင်များကို ဇွန်လနောက်ဆုံးပတ်မှစ၍ စိုက်ခင်းသို့ ပြောင်းရွှေ့စိုက်ပျိုးခဲ့ ကြောင်း ငရုတ်စိုက်သူ န/လက်ခုပ်ပင်ကျေးရွာမှ မသီတာအေးကပြောသည်။                                    

စိုက်ပျိုးပြီးငရုတ်စိုက်ခင်းများကို ပေါင်းမြက်ရှင်းလင်းခြင်း၊ မြေပွစေရန် ဂျောင်းလိုက်ခြင်းနှင့် ထွန်းတုံးတိုက်ခြင်း၊ အားဆေးနှင့် ပိုသတ်ဆေးဖျန်းပေးခြင်းများ ဆောင်ရွက်သဖြင့် ယခုအခါ ငရုတ်ပင်များ ရှင်သန်ဖွံ့ဖြိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ယခင်နှစ်က ငရုတ်သီးအစိမ်းအစိုတစ်ပိဿာ ၁၅၀ဝိ/- ကျပ်နှုန်းရောင်းချခဲ့ရပြီး ယခုနှစ်အတွက် ငရုတ်သီးဈေးကွက်ကောင်းမွန်မည်ဟု မျှော်လင့်ကြောင်း ငရုတ်ပင်များ အသီးအားကောင်းလျက်ရှိကြောင်း ဒေသခံတောင်သူများထံက သိရသည်။

မူမူစန်း