ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး စက်တင်ဘာ

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့မှ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားအား တေးသံရှင် ဟံသာစိုးမင်းနှင့် နန်းထိုက်ရွှေစင်တို့ကရွှေဆုတွေဝိုင်း ရွှေပဲခူးတိုင်း သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျင်းပပြီးစီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးသည် မျိုးဆက်သစ်လူငယ်များအကြားတွင် ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ဖော်ထုတ်ထိန်းသိမ်းခြင်းနှင့်ထပ်တူ အမျိုးသားရေးစိတ်ဓါတ်များ ပိုမိုထွန်းကားပြန့်ပွားစေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် အမျိုးသားယဉ်ကျေးမှုအခန်းကဏ္ဍမှ တစ်တပ်တစ်အား ပံ့ပိုးဆောင်ရွက်ပေးခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်အဆင့်ပြိုင်ပွဲမှာ ရွှေတံဆိပ်များရရှိနိုင်ရန်အတွက် အမှတ်ပေးစံနှုန်းများနှင့် ညီညွတ်အောင် ဝတ်စားဆင်ယင်၊ တီးခတ်သီဆိုကပြ ယှဉ်ပြိုင်နိုင်ရန် လိုအပ်မှာဖြစ်ကြောင်း၊ ပြောကြားခဲ့သည်။

ယင်းနောက် ပြိုင်ပွဲတစ်လျှောက် ကြီးကြပ်ခြင်း၊ အမှတ်ပေးခြင်း၊ အကဲဖြတ်ခြင်းများ ဆောင်ရွက် ပေးခဲ့သည့် အနုပညာရှင်ကြီးများနှင့် ရွှေတံဆိပ်ဆုရရှိသူ () ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ ဘာသာရပ်အလိုက် ရွှေတံဆိပ်ဆုရရှိသူ () ဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက အဆို၊ အက၊ အရေး၊ အတီး ဘာသာရပ် များအလိုက် ပထမဆု၊ အထူးဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ဧည်သည်တော်များအား ပြိုင်ပွဲဝင်များက ဆုရသီချင်းများဖြင့် တီးခတ်သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပြန်လည်ပေးအပ်ခဲ့ပြီး ပြိုင်ပွဲဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတွင် ဘာသာရပ်အမျိုးအစား (၂၂) ခု၊ ပြိုင်ပွဲဝင် အဆင့်ပေါင်း (၁၀၃) ခု၊ ပြိုင်ပွဲဝင်ဦးရေ (၂၆၃) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရွှေတံဆိပ် (၉၂) ခု၊ အထူးဆု (၈၁) ခု၊ ငွေတံဆိပ် (၉၂) ခု၊ ကြေးတံဆိပ် (၄၆) ခုနှင့် နှစ်သိမ်းဆု (၃၂) ခု စုစုပေါင်းဆုတံဆိပ် (၃၄၃) ခုအား ထိုက်တန်စွာ ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)