ပန်းတနော်မြို့နယ်တွင် ဆန်နှင့်စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိ

ပန်းတနော် စက်တင်ဘာလ ၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူပြည်သူများအတွက် ဧည့်မထ ဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းနှင့် စားသုံးဆီ (၅၀)ကျပ်သားလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စပါးကုန်သည်များအသင်း၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ ပူးပေါင်း၍ ဆန်နှင့် အခြေခံစားသောက်ကုန်ဖြစ်သည့် စားသုံးဆီများကို စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေး  စားသုံးသူပြည်သူများအား ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀)ကျပ်နှုန်းနှင့် စားသုံးဆီ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှုန်း သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူအောင်(ပြန်/ဆက်)