လက်ပံတန်းမြို့နယ်၌ ရိုဘတ်စတာ(Robusta)ကော်ဖီပျိုးပင်များ ဖြန့်ဖြူးပေးအပ်

လက်ပံတန်း စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ သီးသန့်/သီးညှပ်စိုက်ပျိုးနိုင်ရေး ရိုဘတ်စတာ(Robusta) ကော်ဖီပျိုးပင်များ ဖြန့်ဖြူးပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ချမ်းသာကုန်းစိုက်ပျိုးရေးစခန်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် လက်ပံတန်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဉာဏ်မြင့်က စိုက်ပျိုးသီးနှံအသစ် ရိုဘတ်စတာ(Robusta)ကော်ဖီစိုက်ပျိုးနည်းကို ရှင်းလင်းပြောကြားပြီး ပျိုးပင်ပေါင်း ၇၂၀၀ ပေးအပ်ခဲ့ရာ ကော်ဖီစိုက်တောင်သူ ၄ ဦးက လက်ခံရယူခဲ့သည်။

လက်ပံတန်းမြို့နယ်တွင် ဒေသတွင်းစိုက်ပျိုးသီးနှံအသစ် စတင်စိုက်ပျိုးခြင်းဖြစ်ပြီး ကော်ဖီစိုက်တောင်သူများ တိုးပွားလာစေရေးအတွက် တစ်ဧကလျှင် ကော်ဖီပျိုးပင် ၂၀၀ သီးညှပ်စိုက်ပျိုးရန်လျာထားပြီး စုစုပေါင်း ၃၆ ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)