မအူပင်မြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင် အဆင့်နည်းပြသင်တန်းဖွင့်ပွဲကျင်းပ

မအူပင် စက်တင်ဘာ ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၁) မြတ်ပညာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်/ မြို့နယ်အဆင့် သန်းခေါင်စာရင်း ကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မအူပင်ခရိုင် သန်းခေါင်းစာရင်းကော်မတီအဖွဲ့ဝင် ဒုတိယရဲမှူးကြီးအေးလွင်က လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးနှင့် ပတ်သက်၍ အကျယ် တဝင့် ရှင်းလင်းပြောကြားခဲ့ကာ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုမည့် Tablet နှင့် ဆက်စပ်ပစ္စည်းများ၊ သင်တန်းလမ်းညွှန်စာအုပ်များကို သင်တန်းသားများအားပေးအပ်ခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း တက်ရောက်ခဲ့ကြသော သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများကို  ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် ဆွေးနွေးပို့ချပေးပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများ မေးမြန်းခြင်းတို့ကို  လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလမှာ စက်တင်ဘာလ ၃ ရက်မှ ၁၄ ရက်နေ့အထိ သင်တန်းနည်းပြဆရာ(၃)ဦးတို့မှ သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းသား/သူ ဆရာ၊ ဆရာမ(၄၈)ဦးတို့ တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)