တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

တောင်ငူ စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကန်ရိုးကျေးရွာအုပ်စု၊ အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ငူ)၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းခရိုင်အဆင့်နည်းပြသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၈:၁၅)နာရီအချိန်က ကျင်းပသည်။

ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်(ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ)က အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ပြီး ယခင် ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့သလိုမျိုး မဟုတ်တော့ဘဲ နည်းပညာအကူအညီနှင့် Tablet များကို အသုံးပြုပြီး ကောက်ယူသွားမည်ဖြစ်ကြောင်း၊ ယခုကောက်ယူမည့်ပုံစံကတော့ အိမ်ထောင်စုအလိုက် ​မေးခွန်းပုံစံ(၆၈)ချက်နှင့် အဖွဲ့အစည်းအလိုက် မေးခွန်းပုံစံ(၁၈)ချက်ပါဝင်သည့် ပုံစံစာရွက်များဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှာ သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြဖို့ အထူးပဲမေတ္တာရပ်ခံပါကြောင်းအမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းက သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်သော ကိစ္စများအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးသည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၂)ရက်ကြာ ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်အလိုက်ရွေးချယ်ထားသည့် စာရင်းစစ်၊ စာရင်းကောက်(၇၃၂)ဦးရှိပြီး ရေတာရှည်မြို့နယ်မှ သင်တန်းခန်း()ခန်းအတွက် သင်တန်းသား()ဦး၊ တောင်ငူမြို့နယ်မှ သင်တန်းခန်း()ခန်းအတွက် သင်တန်းသား(၁၂)ဦး၊ ထန်းတပင်မြို့နယ်မှ သင်တန်းခန်း()ခန်းအတွက် သင်တန်းသား()ဦး၊ အုတ်တွင်းမြို့နယ်မှ သင်တန်းခန်း()ခန်းအတွက် သင်တန်းသား()ဦး၊ ဖြူးမြို့နယ်မှ သင်တန်းခန်း()ခန်းအတွက် သင်တန်းသား()ဦး စုစုပေါင်း(၄၅)ဦးအား တိုင်းဒေသကြီးအဆင့် စာတွေ့လက်တွေ့သင်တန်းတက်ခဲ့သော စာရင်းစစ်()ဦးမှ နည်းပြအဖြစ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)