ကျွန်းလှမြို့၌ မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ကျွန်းလှ စက်တင်ဘာ ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်သူများ Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေးအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် ယနေ့နံနက် ၇ နာရီက အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

 ထိုအသိပညာပေး လက်ကမ်းစာစောင်တွင် Mpox (မျောက်ကျောက်) ရောဂါ သံသယဖြစ်ဖွယ် လက္ခဏာများ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ရောဂါကာကွယ်ရေး နည်းလမ်းများ၊ ရောဂါ သံသယလက္ခဏာ တစ်စုံတစ်ရာ ခံစားရပါက ကျန်းမာရေးဦးစီးဌာန၊ တာဝန်ရှိသူများထံ ချက်ချင်းသတင်းပို့ရန်တို့ ပါရှိသည်။

အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူပေါင်းပြီး မြို့ပေါ်လူစည်ကားသောနေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို (ပြန်/ဆက်)