နတ်တလင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူများနှင့်စာဖတ်ဝိုင်းကို ယနေ့ နေ့လယ်ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်လဲ့ဝါမြင့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာအောင်ကိုဦး(UMK)၏ "လူငယ်တွေကိုလမ်း ဖွင့်ပေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ အ.ထ.က(မြို့မ)Grade-10 မှ မောင်ဟိန်းခန့်ကျော်က ကိုယ့်ရဲ့ပင်ကိုယ်စွမ်းရည်ကဘာလဲ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.ထ.က(မြို့မ) Grade-10 မှ မဇင်မြတ်ရွှေရည်က အတွေးအမြင်အသစ်တွေရှိပါစေ ခေါင်းစဉ်ဖြင့်စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ စာဖတ်ဝိုင်းကိုစာပေချစ်မြတ်နိုးသူ ကျောင်းသား၊ ကျောင်းသူ(၁၅)ဦးဖြင့် ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)