နတ်တလင်း စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၄ခု နှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ ခရိုင်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ဌဋ္ဌ ဦးကျော်ဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကေသီဝမ်က သင်တန်းမိတ်ဆက်ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် တိုင်းအဆင့်နည်းပြသင်တန်းသား(၄)ဦးအား နည်းပြခန့်အပ်လွှာများ ပေးအပ်ခဲ့ပြီး၊ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၃၃) ဦး တက်ရောက်ကြပြီး ၁၀ ရက် ကြာဖွင့်လှစ်၍ ၂၀၂၄ ခု နှစ်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအတွက် ဖွင့်လှစ်သော ခရိုင်အဆင့်နည်းပြသင်တန်းဖြစ်ကြောင်း သိရသည်။
နတ်တလင်း (ပြန်/ဆက်)