ကံမမြို့နယ် ထန်းတောကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး

ကံမ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ မိုးရာသီစိုက်ပျိုးထုတ်လုပ်လုပ်မှု အဆင်ပြေစေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၄-၂၀၂၅  ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၅၂) အုပ်စုမှ ဘဏ်အဖွဲ့ဝင် တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက် (၉) နာရီက ထန်းတောကျေးရွာအုပ်စုမှ တောင်သူ (၈၄) ဦးတို့၏ မိုးစပါးစိုက်ဧက (၁၉၅) ဧကနှင့် နှမ်းစိုက်ဧက (၅) ဧကတို့အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးလျက်ရှိသည်။

ထိုသို့ထုတ်ပေးရာတွင် ငွေကျပ်သိန်းပေါင်း (၂၇၀၀၀) ထုတ်ချေးပေးရန် လျာထားပြီး မိုးစပါးစိုက်ပျိုးမြေ တစ်ဧကလျှင် ငွေကျပ်တစ်သိန်းငါးသောင်းကျပ်နှုန်း မြေပဲ၊ နှမ်း အစရှိသည့် အခြားသီးနှံစိုက်ဧက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ယနေ့အထိ ကျေးရွာအုပ်စု (၃၆) အုပ်စုမှ တောင်သူ (၃၈၇၄) ဦး၏ မိုးစပါးစိုက်ဧက (၁၀၄၀၇) ဧက၊ နှမ်း စိုက်ဧက (၁၁၂၂) ဧကနှင့် ပဲတီစိမ်း စိုက်ဧက (၃၈၀) ဧကတို့အတွက် စုစုပေါင်း ငွေကျပ် (၁၇၁၁၂.၅) သိန်းအား ထုတ်ချေးပေးပြီးဖြစ်ကြောင်း  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)