မင်းလှ စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၄ - ၂၀၂၅ ခုနှစ် ငါးလုပ်ငန်းရာသီအတွက်ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များ လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးတင်ထွန်းက ဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များလေလံတင်ရောင်းချရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
အင်းလေလံပွဲကို တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးစိုးမင်းက ကြီးကြပ်သူအဖြစ်ဆောက်ရွက်၍ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးဝေလင်းနှင့် အင်းလေလံတင် ရောင်းချရေးကော်မတီဝင်တို့က မင်းလှမြို့နယ်နှင့် ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ဂရန်အင်း(၄) အင်းကိုလေလံတင်ရောင်းချခဲ့ရာ ဂရန်အင်း(၄)အင်းအား ဈေးပြိုင်စနစ်ဖြင့် အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် ၁၇,၉၀၀,၀၀၀/- (တစ်ရာခုနှစ်ဆယ့်ကိုးသိန်းကျပ်တိတိ)အား နိုင်ငံတော်အခွန်ငွေရရှိခဲ့သည်။
ကျန်ရှိသောဂရန်အင်းနှင့် အိတ်ဖွင့်တင်ဒါချက်များကိုလည်း မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ဆက်လက်လေလံတင်ရောင်းချခြင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)