အောင်လံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

အောင်လံ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံခရိုင်အထွေထွေစုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပြီး အောင်လံခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းကဆွေးနွေးပို့ချချက်များနဲ့ မိမိတို့၏အတွေ့အကြုံများနဲ့ပေါင်းစပ်ပြီး မြေပြင်အခြေအနေနဲ့ကိုက်ညီအောင် အကောင်းဆုံးဆောင်ရွက်ဖို့ နည်းပြ ဆရာ/ဆရာမများနဲ့ သင်တန်းကာလမှာ အပြန်အလှန်ဆွေးနွေးသွားရမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များတွင် ပါဝင်သော သင်တန်းသားများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် သင်တန်းသားများ စုပေါင်းအမှတ်တရမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၃ ရက်နေ့မှ စက်တင်ဘာ ၁၄ ရက်နေ့ထိ ၁၀ ရက်အကြာ သင်တန်းပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)