နတ်မောက်မြို့၌ ကျောင်းသား/သူများ၏ ဝန်းကျင်တွင်ဖြစ်ပွားလေ့ရှိသော အမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ပြုလုပ်

                                                                                နတ်မောက် စက်တင်ဘာ ၃                                                                                                 

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ကျောင်းသား/သူများ၏ဝန်းကျင်တွင် ဖြစ်ပွားလေ့ရှိသောအမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။   

ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီးဦးမင်းဆွေက ကျောင်းသား/သူများ၏ဝန်းကျင်တွင် ဖြစ်ပွားလေ့ရှိသော အမှုများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ အကြောင်းအရာများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်တရားသူကြီး ဦးဟိန်းရဲလင်းမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေအကြောင်းသိကောင်းစရာများနှင့် ယာဉ်စည်းလမ်း၊ စည်းကမ်းအကြောင်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။      

အဆိုပါ ဟောပြောပွဲသို့ မြို့နယ်ပညာရေးဌာနနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း