အောင်လံမြို့၌ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management Systeam – GLMS) စနစ် အသုံးပြုမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

အောင်လံ စက်တင်ဘာ ၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ဧည့်သည်စာရင်းစီမံခန့်ခွဲမှုစနစ် (Guest List Management Systeam – GLMS) စနစ် အသုံးပြုမှုသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အောင်လံမြို့ Hotel May ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အောင်လံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဒေသကို ဧည့်သည်ပိုမိုဝင်ရောက်လာစေရေးအတွက် ဧည့်သည်များ လာရောက်လည်ပတ်ရမည့် အကြောင်းအရင်းခံစွဲဆောင်မှုများ ရှာဖွေဖော်ထုတ်ဆောင်ရွက်ကြရမှာဖြစ်ပြီး၊ ဧည့်သည်များ ဝင်ရောက်လာသည့်အခါ ဧည့်စာရင်းကိုတိကျ မှန်ကန်စွာတိုင်ကြားခြင်းဖြင့် မိမိတို့ဒေသလုံခြုံဖွံ့ဖြိုးရေးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားရေးမှူးမှ ဟိုတယ်ဆိုင်ရာသိကောင်းစရာများကို အကျယ်တဝံ့ ဆွေးနွေးပြောကြားခဲ့ပြီး၊ စည်ပင်သာယာရေးအဖွဲ့မှ ဆက်လက်ဆွေးနွေးခဲ့သည်။ ထို့နောက် လုပ်ငန်းရှင်များကိုယ်စား Hotel May မှ လုပ်ငန်းရှင် ဒေါ်ခင်မေစန်းက လိုအပ်သည်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)