ကျိုက်လတ်မြို့နယ်၌ စာကြည့်တိုက်ဆောက်လုပ်နိုင်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမတည်ငွေဖြင့် တည်ဆောက်မည့်စာကြည့်တိုက် ဆောက်လုပ်နိုင်ရေးကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားရာ၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်စေရန်အတွက် စာကြည့်တိုက်အသစ်ဆောက်လုပ်မည့် ကညင်ကုန်းကျေးရွာအုပ်စု၊ ရွှေညောင်ပင်ကျေးရွာ စာကြည့်တိုက်ဆောက်လုပ်ရန် မြို့နယ်စာကြည့်တိုက်ကြီးကြပ်မှုကော်မတီက အနီးကပ်ကြီးကြပ်၍ ကူညီဆောင်ရွက်ရန် လိုအပ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စာကြည့်တိုက်ကော်မတီအဖွဲ့ဝင်များက စာကြည့်တိုက်ဆောက်လုပ်နိုင်ရန် ကြိုတင်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင်(၂)ဦးစိန်မြင့်နှင့် ကညင်ကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်စာကြည့်တိုက် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)